21.09.2011 မြေနီကုန်းသွားရင်း တွေ့ခဲ့တဲ့ မြင်ကွင်းတစ်ခုပါ ။ တွေ့စကတော့ အငယ်မလေးဟာ
အကြီးမလေးရဲ့ပေါင်ပေါ်မှာ ခေါင်းတင်ပြီး မိုးရွာထဲမှာပလတ်စတစ်ပိုင်းလေးခြုံပြီး အိပ်နေတာပါ ။
သူတို့နှစ်ယောက်က ပိုက်ဆံတောင်းနေတာတော့ မဟုတ်ပါဘူး ။ ငှက်စာ စပါးနှံတွဲလေးတွေရောင်နေတာပါ။
ဒါပေမဲ့ မိုးရေထဲမှာ မြင်ရတဲ့မြင်ကွင်းက စိတ်မကောင်းဖြစ်မိပါတယ်။ အလားတူပုံစံနဲ့ အဖြစ်မျိုးတွေဟာ
ရန်ကုန်မြို့ အနှံ့အပြားမှာ အတွေ့ရများလာပါတယ်။ ကျောင်းနေရမဲ့အချိန်မှာ ကျောင်းမနေနိုင်တဲ့ သူတို့တွေရဲ့ နောက်ခံအကြောင်းအရာတွေကတော့ အများကြီးရှိမှာပါ ။
ဘာပဲဖြစ်ဖြစ် ရန်ကုန်မြင်ကွင်းတစ်ခုအနေနဲ့တင်ပေးလိုက်ပါတယ်။
ဒီ blog လေးဟာ ကျွန်တော်ရဲ့ ပတမဆုံးကြိုးစားမှုပါ ။ ကွန်ပျူတာကိုဝါသနာအရသုံးစွဲရင်းလေ့လာခဲ့ပါတယ်
ပညာရှင်တစ်ယောက်မဟုတ်တဲ့အတွက် အမှားအယွင်းရှိခဲ့ရင် နားလည်ပေးကြပါလို့ တောင်ပန်းပါတယ်ဗျာ။

လူမှုဝန်းကျင်ထဲက အသည်းကွဲနေတဲ့ကမ္ဘာ အထူးသဖြင့်ငါတို့ရဲ့ မပြီးနိုင်သေးတဲ့အရာရာအားလုံးအတွက် မင်းတို့ငါတို့စာနာစိတ်တစ်ခုနဲ့အရုပ်
ReplyDeleteတွေ အသံတွေ အရောင်တွေကို လူတွေရဲ့ရင်ထဲထိထိုးဖောက်ဝင်ရောက်သွား
ဘို့လိုအပ်တယ်.။